တပ်ကုန်းသာ
Would you like to react to this message? Create an account in a few clicks or log in to continue.


welcome to www.tatkone.com
 
HomeLatest imagesSearchRegisterLog in

 

 Virus တွေ အလုပ်မလုပ်နိုင်အောင်……..

Go down 
AuthorMessage
Admin
Admin



Posts : 8
Join date : 2009-12-30

Virus တွေ အလုပ်မလုပ်နိုင်အောင်…….. Empty
PostSubject: Virus တွေ အလုပ်မလုပ်နိုင်အောင်……..   Virus တွေ အလုပ်မလုပ်နိုင်အောင်…….. EmptyWed Dec 30, 2009 9:04 pm

Virus တွေ အလုပ်မလုပ်နိုင်အောင်……..

နည်းပညာတွေ မြင့်မားလာတဲ့အလျောက် Computer ကို တွင်ကျယ်စွာ အသုံးပြုလာနိုင်သလို
နည်းပညာရဲ့ အားနည်းချက်တွေဖြစ်တဲ့ Virus ပြဿနာတွေကိုလည်း ကြုံတွေ့လာရပါတယ်။ အခုဆိုရင် Computer Virus တွေကလည်း ပေါ်လာလိုက်တာ မရိုးနိုင်အောင်ပါပဲ။ တချို့ Computer Virus တွေဆိုရင် Computer ရဲ့ Task
Manager ကို ခေါ်လို့မရအောင် ပိတ်ပစ်တတ်ပါတယ်။ ဒီလို အပိတ်ခံရပြီဆိုရင် Task Manager မှာ အလုပ်လုပ်နေတဲ့ Virus Program ကို ရပ်ပစ်ဖို့ မလွယ်ကူတော့ပါဘူး။ ဒါကြောင့် Command Prompt ကနေ Program ကို အလွယ်တကူ ရပ်ပစ်နိုင်တဲ့ နည်းလမ်းလေးကို တင်ပြပေးချင်ပါတယ်။

ပထမဆုံးအဆင့် အနေနဲ့ Computer ရဲ့ Task Manger မှာ Run နေတဲ့ Process တွေကို
သိအောင် အရင်လုပ်ဖို့ လိုပါတယ်။ ဒီလိုသိဖို့အတွက်ကတော့ အရင်ဆုံး Command Prompt ကို ဖွင့်ပါ။ Command
Prompt မှာ tasklish လို့ ရိုက်ပြီး Enter ခေါက်လိုက်တာနဲ့ ကွန်ပျူတာမှာ Run နေတဲ့ Process တွေ ပေါ်လာပါလိမ့်မယ်။ အဲဒီပေါ်လာတဲ့ Process Table ထဲက ကိုယ်ရပ်ချင်တဲ့ Process ရဲ့ PID နံပါတ်ကို မှတ်ထားလိုက်ပါ။

ဒုတိယအဆင့် အနေနဲ့ အသုံးပြုရမယ့် Command က taskkill ဖြစ်ပါတယ်။ ဒီ Command ကတော့ Computer မှာ အလုပ်လုပ်နေတဲ့ Process ကို ရပ်ပစ်ပေးမှာပါ။ အသုံးပြုရမယ့် ပုံစံက C:\>taskkill /PID /F ပါ။ ဆိုတာက ကိုယ်ရပ်လိုတဲ့ Process ရဲ့ နံပါတ်ကို ဆိုလိုတာပါ။ နောက်ဆုံးမှာ ပါတဲ့ Parameter /F က Process ကို ရပ်ပစ်ဖို့အတွက်ပါ။

တစ်ခုသတိထားရမှာက အခုဖော်ပြပေးခဲ့တဲ့ Tasklist နဲ့ Taskkill Command နှစ်ခုကို Windows 2000 မှာတော့ အသုံးပြုလို့ ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီနည်းလမ်းလေးတွေက Computer မှာ Run နေတဲ့ Process တွေကို Task Manager မလိုဘဲ အလွယ်တကူ ရပ်ပစ်နိုင်တဲ့ နည်းလမ်းကောင်းလေးဖြစ်လို့ မိတ်ဆွေတို့အတွက် ဝေမျှပေးလိုက်ရပါတယ်။

:hi!:
Back to top Go down
https://tatkone.board-directory.net
 
Virus တွေ အလုပ်မလုပ်နိုင်အောင်……..
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
တပ်ကုန်းသာ :: Your first category :: Your first forum-
Jump to: