တပ်ကုန်းသာ
Would you like to react to this message? Create an account in a few clicks or log in to continue.


welcome to www.tatkone.com
 
HomeLatest imagesSearchRegisterLog in

 

 Task Manager Disabled ဖြစ်တဲ့အခါ ပြုပြင်နည်း….

Go down 
AuthorMessage
Admin
Admin



Posts : 8
Join date : 2009-12-30

Task Manager Disabled ဖြစ်တဲ့အခါ ပြုပြင်နည်း…. Empty
PostSubject: Task Manager Disabled ဖြစ်တဲ့အခါ ပြုပြင်နည်း….   Task Manager Disabled ဖြစ်တဲ့အခါ ပြုပြင်နည်း…. EmptyWed Dec 30, 2009 9:08 pm

Task Manager Disabled ဖြစ်တဲ့အခါ ပြုပြင်နည်း….

Window ရဲ့  “Task Manager Disable by Administrator” ဆိုပြီး စာတမ်းပေါ်လာတဲ့ အခါမျိုး ကြုံဘူးကြမယ် ထင်ပါတယ်။ ဒီလိုဖြစ်ပွားရခြင်းအကြောင်းရင်း မြောက်များစွာ ရှိပေမယ့် အိမ်သုံး ကွန်ပျူတာတွေ အနေနဲ့ကတော့ malware ဒါမှမဟုတ် virus တွေကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ ဒီလိုလက္ခဏာကို windows ရဲ့ task bar ပေါ်တွင် right-click လုပ်တဲ့အခါ တွေ့မြင်နိုင်ပြီး run box က တစ်ဆင့် “taskmgr.exe” ရိုက်ထည့်ပြီး ဖွင့်တဲ့အခါ “Taskmanager disabled by administrator” ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်ပွားမှုမျိုးကို windows registry တွင် ဝင်ရောက် ပြင်ဆင်သလို registry fix software တွေနဲ့လည်း ပြင်ဆင်နိုင်ပါတယ်။

ဖြေရှင်းနည်း (၁)

REG add HKCU\Software\Microsoft\Windows\Current\Version\Policies\System /v DisableTaskMgr /t REG_DWORD /d 0 /f



* အထက်ပါ စာကြောင်းတစ်ခုလုံးကို start menu မှ Run ထဲတွင် ရိုက်နှိပ်ပါ။ Task manager disabled ဖြစ်နေခြင်းကို ပြင်ဆင်ပြီး ဖြစ်ပါလိမ့်မယ်။


ဖြေရှင်းနည်း (၂)


* Start menu ကိုနှိပ်ပါ။

* Run ကိုဖွင့်ပါ။

* Run box တွင် “redegit” လို့ ရိုက်ထည့်ပြီး
color="blue">OK ကို နှိပ်ပါ။

* ထို့နောက် registry Editor ကိုတွေ့ ရပါမယ်။ Registry Editor တွင် HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\System သို့ အဆင့်ဆင့် ဝင်ရောက်ပါ။ System သို့ ရောက်တဲ့အခါ ညာဘက်ခြမ်းရှိ screen တွင် DisableTAskMgr ရဲ့  value ကို 0 လုပ်ပါ။

* ထို့နောက် registry editor ကို ပိတ်ပါ။


ဖြေရှင်းနည်း (၃)


* Start menu ကိုနှိပ်ပါ။

* Run ကိုဖွင့်ပါ။

* Run box တွင် “gpedit msc” လို့ ရိုက်ထည့်ပြီး
color="blue">OK ကို နှိပ်ပါ။

* ပေါ်လာတဲ့ group poilicy box တွင် UserConfiguration\Administrative Templates\System\Ctrl+Alt+Delete သို့ အဆင့်ဆင့် ဝင်ရောက်ပြီး ညာဘက်ခြမ်းတွင် မြင်ရမည့် Remove Task Manager ကို double-click လုပ်ပါ။

* ပေါ်လာတဲ့ box တွင် Not Configured ကိုရွေးပါ။

* ထို့နောက် Task Manager ကို ပြန်လည် အသုံးပြုနိုင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။
Back to top Go down
https://tatkone.board-directory.net
 
Task Manager Disabled ဖြစ်တဲ့အခါ ပြုပြင်နည်း….
Back to top 
Page 1 of 1
 Similar topics
-
» Recall Task Manager

Permissions in this forum:You cannot reply to topics in this forum
တပ်ကုန်းသာ :: Your first category :: Your first forum-
Jump to: